Skip links

ကျွန်ုပ်တို့၏ ကုမ္ပဏီ

ကျွန်ုပ်တို့ရဲ့ Blue Lion Micro Finance (Myanmar) Co. Ltd ကို အားလုံးအတွက် အခွင့်အလမ်းများ ဖြည့်ဆည်းပေးလိုသော ရည်ရွယ်ချက်ကောင်းတစ်ခုတည်းနှင့် တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းမှာ ငွေကြေးဝန်ဆောင်မှုရယူရန် အခွင့်ရေး နည်းပါးသည့် ဆင်းရဲ နွမ်းပါးသော လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းများ များစွာရှိနေတာကို နားလည် သဘောပေါက်ပါသည်။ ထို့ကြောင့်ပဲ ထိုကဲ့သို့သော လူ့ပတ်ဝန်းကျင်အဖွဲ့များအား ရိုးရှင်းသော်လည်း လွယ်ကူသော ချေးငွေများကို ဖြည့်ဆည်းပေးခြင်းဖြင့် ဝန်ဆောင်မှုပေးရန် ကျွန်ုပ်တို့ ဆုံးဖြတ်ခဲ့ကြပါသည်။ ကျွန်ုပ်တို့ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့သော ၂၀၁၈ စက်တင်ဘာလ မှစတင်ပြီး နေပြည်တော်တွင် လူဦးရေ ၂၀၀၀ ကျော်ကို ကူညီထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပါသည်။ ဒက္ခိဏသီရိမြို့နယ်မှ စတင်ကာ ပျဉ်းမနားမြို့နယ် နှင့် တပ်ကုန်းမြို့နယ်များတွင်ပါ ဆက်လက်ပြီးလုပ်ငန်းချဲ့ထွင်သွားမည် ဖြစ်ပါသည်။

လူပုဂ္ဂိုလ်တစ်ဦးချင်းစီအားကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် လုပ်ပိုင်ခွင့် မှသည်လိုအပ်နေသောမိသားစုများကိုကူညီခြင်းအထိ Blue Lion သည် ခြေလှမ်းအဆင့်တိုင်းတွင် ကူညီရန် ရှိနေမည်ဖြစ်ပါသည်။

Blue Lion Microfinance

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့မှ
လုပ်ငန်းစတင်လျက်ရှိ

IMG_9804