Skip links

အစီအစဉ်များ

ကွယ်လွန်သွားသော အသင်းသားတစ်ဦး၏ မိသားစုထံသို့ သွားရောက်အားပေးနှစ်သိမ့်ခဲ့ခြင်း။

ကျွန်ုပ်တို့ Blue Lion Micro Finance ၏ အသင်းသားတစ်ဦးဖြစ်သူ ပျံချီစုရပ် အမှတ်-၁ မှ ဒေါ်နွယ်ဦးသည် မကြာသေးမီက ကွယ်လွန်သွားခဲ့ပါသည်။ ကျွန်တို့၏ ယာယီဒေသဆိုင်ရာအဆင့်မန်နဂျာ ဒေါ်၀ေဖြိုးထိုက်နှင့် ဒက္ခိဏသီရိ ရုံးခွဲမန်နေဂျာ ဦးဇော်၀င်းဦးတို့ ဦးဆောင်သော အဖွဲ့သည် ကွယ်လွန်သူအသင်းသား၏ ခင်ပွန်းနှင့် ညီမဖြစ်သူတို့ထံ သွားရောက်ကာ အားပေးနှစ်သိမ့်စကားပြောဆိုခဲ့ပြီး စုဆောင်းငွေအပြည့်နှင့် လူမှုရေးထောက်ပံ့ကြေးတို့ကို ပေးအပ်ခဲ့ပါသည်။

မြန်မာ့စီးပွားရေးဘဏ်၏ လက်ဖက်ရည်ဆိုင်ချေးငွေ

ကျွန်တော်တို့ ကုမ္ပဏီသည် မြန်မာ့စီးပွားရေးဘဏ်၏ လက်ဖက်ရည်ဆိုင်ချေးငွေ ကို ရယူပြန််လည်ထုတ်ချေးခွင့်ကို MEB နှင့် FRD ထံမှ ခွင့်ပြုချက်ရရှိခဲ့ပြီ ဖြစ်ပြီး Blue Lion Microfinance အနေဖြင့် ယခုကဲ့သို့ တာ၀န်ရှိသူများထံမှ ယုံကြည်မှုကို ရရှိနိုင်ခဲ့သည်ကို အလွန်၀မ်းမြောက်မိပါသည်။ သို့ဖြစ်သောကြောင့် ကျွန်တော်တို့ထံမှ အထက်တွင်ဖော်ပြထားသော ချေးငွေကို ရယူရန် စိတ်၀င်စားသော လျှောက်ထားလိုသူများကို ကျွန်တော်တို့ထံ အမြန်ဆုံး ဆက်သွယ်နိုင်ပါကြောင်း ဖိတ်ကြားလိုပါသည်။

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ BLMF ၏ အသိပညာပေးအစီအစဉ် (၂၀/၀၃/၂၀၂၀)

လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ Blue Lion အနေနှင့် အသင်းဝင်များအား လက်သန့်ဆေးရည်နှင့် ကာကွယ်ရေး နှာခေါင်းစည်းများကို လှူဒါန်းခဲ့ကာ အသိပညာပေး ကာကွယ်မှုများ ဖြန့်ဝေဆောင်ရွက်ခဲ့ပါသည်။

ပရဟိတလုပ်ငန်းများ

နေပြည်တော်ရှိပရဟိတလုပ်ငန်းများနှင့် အတူတကွအလုပ်လုပ်ခြင်းအားဖြင့် ကျွန်ုပ်တို့ Blue Lion မှ ရပ်ရွာလူထုကို ပြန်လည်ပေးဆပ်ရန်အတွက် တစ်စိတ်တစ်ဒေသမှ ကူညီ လုပ်ဆောင်လျက်ရှိပါသည်။