Skip links

လုပ်ငန်းရည်ရွယ်ချက်များ၊ လုပ်ငန်းအမြင် နှင့်
အဓိကတန်ဖိုးများ

လုပ်ငန်းရည်ရွယ်ချက်

နေပြည်တော်ရှိ ကျေးလက်နေပြည်သူများ လူနေမှုအဆင့်အတန်းမြှင့်တင်နိုင်ရန် နှင့် တန်းတူ ညီမျှသော အခွင့်အလမ်းများရရှိနိုင်စေရန်အတွက် ငွေကြေးဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်

လုပ်ငန်းအမြင်

ဆင်းရဲနွမ်းပါးသော လူမှုအသိုင်းအဝိုင်းများ ဖွံ့ဖြိုးတိုးတက်စေရန် စာနာနားလည်မှု၊ ကြိုးစားအားထုတ်မှုနှင့် ရိုးသားမှုတို့ဖြင့် ငွေကြေးဆိုင်ရာ ၀န်ဆောင်မှုအမျိုးမျိုးကို ပေးခြင်းဖြင့် မြန်မာနိုင်ငံ၏ အသေးစားချေးငွေလုပ်ငန်းကို ဦးဆောင်နိုင်သော အဖွဲ့အစည်းတစ်ခု ဖြစ်လာရန်

အဓိကတန်ဖိုးများ

လူမှုအသိုင်းအဝိုင်းအပေါ်အလေးထားစိတ်

လူမှုအသိုင်းအဝိုင်းပတ်ဝန်းကျင်ကို ကူညီခြင်းသည် ကျွန်ုပ်တို့လုပ်ငန်း၏ အဓိကကျသော အစိတ်အပိုင်းဖြစ်သည်နှင့်အညီ ကျွန်ုပ်တို့၏ လုပ်ငန်းဝန်ဆောင်မှုနှင့် လုပ်ငန်း အစီအစဉ်များတွင်သာမက ကျွန်ုပ်တို့၏ နေ့စဉ် ဆုံးဖြတ်ချက်များတွင် ထင်ဟပ်လျက်ရှိပါသည်။

အလုပ်ကြိုးစားလုပ်ကိုင်မှု

ကျွန်ုပ်တို့ Blue Lion သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုရယူသူ အားလုံးအနေဖြင့် ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး ရိုးရှင်း အဆင်ပြေစွာ ယူဆောင်နိုင်ရေးကို ဆောင်ရွက်ထားကာ အမြင့်မားဆုံးသော အဆင့်အတန်းများထိ ဝန်ဆောင်မှု ပေးနိုင်ရန် ရည်မှန်းထားပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ချေးငွေအရာရှိများကို လိုအပ်သော သူများကို ရှာဖွေကူညီကာ ငုင်းတို့အား ကျွန်ုပ်တို့၏ ငွေကြေးနည်းလမ်းများဖြင့် ကူညီထောက်ပံ့ပေးရန်ကိုလည်း အားပေးတိုက်တွန်းလျက်ရှိပါသည်။

သင့်တင့်သောငွေကြေး

လူတိုင်း ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်ရမည်မှာ အခြေခံကျသော အခွင့်အရေးတစ်ခုဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ကျွန်ုပ်တို့သည် ထိုအရာကို မြန်မာနိုင်ငံ အစိုးရအဖွဲ့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ကာ သင့်တင့်မှုကို စိတ်နှလုံးသွင်းလျက် တိကျသောလိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ ရယူလျက်ရှိပါသည်။

ရိုးသားမှု

ကျွန်ုပ်တို့သည် သမာသမတ်ရှိပြီး ပွင့်လင်းမြင်သာတဲ့ အလေ့အကျင့်တွေကို ယုံကြည်ထားသောကြောင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုတွေကို ရယူသူတွေအနေဖြင့် မိမိတို့၏ အိမ်မက်ပန်းတိုင်တွေကို ရောက်ရှိအောင် အလေးထား ကြိုးစားနေချိန်တွင် မိမိတို့အတွက် အကောင်းဆုံးဖြစ်မည့် ငွေကြေး အကူအညီများကို ကျွန်ုပ်တို့ထံမှ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါသည်။